Monday, July 2, 2012

(၇) ဖျော်ဖြေရေး ပုံစံသစ်တစ်ခု ဖြစ်လာတဲ့ သရုပ်ဆောင်တွေရဲ့ ပြည်ပခြေလှမ်းများ

ပြည်ပဖျော်ဖြေပွဲများသို့ ယခင်ကအဆိုတော်များနှင့် တီးဝိုင်းများတွဲဖက်၍ သွားရောက် ဖျော်ဖြေခဲ့သော်လည်း ယခုနောက်ပိုင်းနှစ်များမှ စတင်၍ သရုပ်ဆောင်များပါ သွားရောက် ဖျော်ဖြေရန် ဖိတ်ကြားခြင်းခြင်းများ ရှိလာခဲ့သည်။ ယင်းသို့ ဖိတ်ကြားလာကြခြင်းမှာ ပြည်ပရောက် မြန်မာများအနေဖြင့် မိမိတို့ နှစ်သက်အားပေးသည့် သရုပ်ဆောင်များအား မြင်တွေ့ခွင့်ရခြင်း၊ ပွဲကျင်းပသည့် ကုန်ကျစရိတ်မှာလည်း အဆမတန်များပြားမှုမရှိဘဲ တတ်နိုင်လောက်သည့် အနေအထားတို့တွင်ရှိခြင်း တို့ကြောင့်ဖြစ်သည် ဟုသိရသည်။ ဖိတ်ကြားခံရသည့် သရုပ်ဆောင်များအနေဖြင့်လည်း ဇာတ်ကားရိုက်ကူးမှုများနှင့် ညှိနှိုင်း၍ရသည့်ရက်များတွင် ပြည်ပဖျော်ဖြေရေး ခရီးစဉ်များအား သွားရောက်မြဲပင်ဖြစ်သည်။ ယင်းသို့ များပြားလာသည့် ပြည်ပဖျော်ဖြေပွဲများနှင့် သရုပ်ဆောင်များအတွက် ဖျော်ဖြေရေးပုံစံသစ် တစ်ခုဖြစ်လာခြင်းကို လေ့လာမိသည့် အလျောက် ယခုနှစ်အတွင်း ပြည်ပဖျော်ဖြေပွဲသွားရောက်မည့် သရုပ်ဆောင်အချို့နှင့် တွေ့ဆုံဖြစ်ခဲ့ရာ . . .
မင်းမော်ကွန်း

    ကျွန်တော် ဇွန်လ ၂၀ ရက် နောက်ပိုင်းမှာ အမေရိကားကို ဖျော်ဖြေရေးခရီး သွားရောက်မှာပါ။ ကျွန်တော်နဲ့အတူ ရဲလေး၊ ၀ိုင်းစုခိုင် သိန်း၊ ရေဗက္က၀င်း၊ Lဆိုင်းဇီတို့ ပါပါတယ်။ အမေရိကားကို ပထမဆုံး ဖျော်ဖြေရေး ခရီးစဉ်အနေနဲ့ သွားရမှာပါ။ ကျွန်တော့်အနေနဲ့ အရင်ကလည်း ပြည်ပဖျော်ဖြေပွဲတွေ သွားခဲ့ဖူးပါတယ်။ ကျွန်တော်က သရုပ်ဆောင် ဆိုပေမယ့် သီချင်းလည်းဆိုတဲ့အခါကျတော့ ပြည်ပဖျော်ဖြေရေးသွားတဲ့ အခါ သီချင်းလည်းဆိုဖြစ်ပါတယ်။ အခုလို ပြည်ပဖျော်ဖြေပွဲတွေ များလာတာက ဟိုမှာရှိနေတဲ့ မြန်မာပရိသတ်တွေက သရုပ်ဆောင်တွေနဲ့ တွေ့မြင် ချင်ကြလို့ ဖိတ်ကြတာလို့ထင်ပါတယ်။ သရုပ်ဆောင်တွေဘက်က ပြန်ကြည့်တော့လည်း ဟိုက ပရိသတ်တွေနဲ့ တွေ့ခွင့်ရတယ်။ ဒီတော့ ကားရိုက်ရက်တွေ ညှိနှိုင်းလို့ရတယ်ဆိုတာနဲ့ သွားဖျော်ဖြေ ဖြစ်ကြတာများပါတယ်။

နေတိုး

    ကျွန်တော်ဒီနှစ်ထဲမှာ စင်ကာပူကို နှင်းဆီအဖွဲ့သားတွေနဲ့အတူ 'စင်ကာပူနှင်းဆီ' အငြိမ့်သွားရောက် ကပြဖျော်ဖြေဖြစ်ပါတယ်။ အခုဇွန်လ ၁၆ ရက်နေ့မှာ ဒါရိုက်တာ စင်ရော်မောင်မောင်ရိုက်မယ့် 'မနက်ဖြန်အစီအစဉ်' ဇာတ်ကားအတွက် စင်ကာပူ သွားရိုက်ဖြစ်တယ်။ စင်ကာပူမှာ ဇာတ်ကားရိုက်ဖြစ်တာ ပထမဆုံးပါပဲ။ သြဂုတ်လမှာ အင်္ဂလန်ဖျော်ဖြေရေး ခရီးစဉ်တစ်ခုသွားဖို့ ရှိပါတယ်။ နိုဝင်ဘာလမှာ ဂျပန်ကို ဖျော်ဖြေရေးအနေ နဲ့ပဲ သွားဖို့ရှိတယ်။ ပြည်ပဖျော်ဖြေရေးပွဲတွေ သရုပ်ဆောင်တွေ သွားရတာများလာတာကတော့ ဟိုမှာရှိနေတဲ့ မြန်မာပရိသတ်တွေနဲ့ ထိတွေ့ခွင့်ရတာပေါ့။ ကိုယ့်ကိုအားပေးဖို့ စောင့်နေကြတဲ့သူတွေအတွက် အားပေးရကျိုးနပ်အောင် ကိုယ့်ဘက်က ကြိုးစားဖို့လိုမယ် ထင်တယ်။

ထွန်းထွန်း

    ကျွန်တော်ဇူလိုင်လထဲမှာ အင်္ဂလန်ကို ဖျော်ဖြေရေးခရီးသွားဖို့ ရှိပါတယ်။ အငြိမ့်ကပြရမယ်လို့ ပြောပါတယ်။ နှစ်ဦးပိုင်းတုန်းကလည်း စင်ကာပူမှာ နှင်းဆီအဖွဲ့သားတွေ အနေနဲ့သွားပြီး ကပြဖျော်ဖြေခဲ့ရပါတယ်။ အဆိုတော်တစ်ယောက်အနေနဲ့ ဖျော်ဖြေရတဲ့ပွဲမျိုးနဲ့ အခုလိုသရုပ်ဆောင် တစ်ယောက်အနေနဲ့ သွားပြီးဖျော်ဖြေရတဲ့ ပွဲမျိုးကခံစားချက်ချင်းက နည်းနည်းတော့ကွာတာပေါ့။ ဟိုမှာရှိနေတဲ့ ပရိသတ်တွေကို တွေ့ခွင့်ရတာခြင်း ကတော့အတူတူပါပဲ။ အခုလို သရုပ်ဆောင်တွေအတွက် ပြည်ပဖျော်ဖြေပွဲတွေ များလာတာက ကောင်းပါတယ်။ ဒါက ပုံစံသစ်ဖျော်ဖြေပွဲတွေ ဖြစ်လာတာပေါ့လေ။

အိန္ဒြာကျော်ဇင်

    အူဝဲဇူလိုင်လမှာ ဂျပန်ဖျော် ဖြေရေးသွားဖို့ ရှိပါတယ်။ မနှစ်ကတော့ အမေရိကားကို အလည်သွားရင်းနဲ့ ဟိုမှာရောက်နေတဲ့ အနုပညာရှင်တွေနဲ့ အမှတ်တရ ဖျော်ဖြေပွဲပုံစံလေးတော့ လုပ်ဖြစ်ခဲ့ပါတယ်။ အူဝဲတို့ သရုပ်ဆောင်တွေ ဖျော်ဖြေရေးပွဲ တွေများလာတယ် ဆိုတာက ဟိုကို ရောက်နေတဲ့ ပရိသတ်တွေက သူတို့အခွေတွေကနေ တစ်ဆင့်ပဲတွေ့မြင်ခွင့် ရနေတဲ့သရုပ်ဆောင်တွေကို အပြင်မှာ မြင်တွေ့ခွင့်ရတဲ့အတွက် စုပြီးဖျော်ဖြေပွဲလေးတွေ လုပ်လာကြတာလေ။ အဲဒီတော့ အူဝဲတို့ သရုပ်ဆောင်တွေဘက်ကလည်း ဟိုမှာရှိနေတဲ့ ပြည်ပရောက် မြန်မာပရိသတ်တွေကို တရင်းတနှီး ဖျော်ဖြေခွင့်ရတာပေါ့။

ဇူးဇူးမောင်

    ချို့ရဲ့ပြည်ပဖျော်ဖြေရေးခရီး အနေနဲ့ ဂျပန်ကိုသွားဖြစ်ခဲ့ပါတယ်။ ပထမဆုံး ပြည်ပဖျော်ဖြေရေး ခရီးဖြစ်တဲ့အပြင် သီချင်းဆိုဖို့ ဆိုတာကလည်း ချိုနဲ့စိမ်းတဲ့အရာဖြစ်နေတော့ ရင်တွေအရမ်းခုန်ပြီး ကြောက်လည်းကြောက်နေမိတယ်။ တကယ်တမ်း ဟိုကို ရောက်တော့ ဂျပန်ကမြန်မာတွေက လှိုက်လှိုက်လှဲလှဲ အားပေးကြလို့ ၀မ်းသာပြီး အရမ်းလည်းပျော်ခဲ့ရပါတယ်။ နောက်လည်း အခုလိုဖျော်ဖြေပွဲတွေ အခွင့်အရေးရရင် သွားချင်ပါသေးတယ်။

ရန်အောင်

    ဒီလကုန်ပိုင်းမှာ အမေရိကားကို ဖျော်ဖြေရေး သွားဖြစ်ပါလိမ့်မယ်။ ဘုန်းကြီးကျောင်း ရန်ပုံငွေပွဲတစ်ပွဲ ပါ။ ဒီပွဲလေးကသွားဖို့ စီစဉ်လိုက်၊ ရက်ရွှေ့ထားလိုက်နဲ့ သွားဖြစ်ဖို့က ကြာနေတာပါ။ အရင်ကလည်း အခုလို ဖျော်ဖြေရေးလေးတွေတော့ သွားဖူးပါတယ်။ ပြည်ပဖျော်ဖြေပွဲတွေ များလာတာကတော့ ပြည်ပရောက်နေတဲ့ မြန်မာတွေ များလာတဲ့အခါကျတော့ မြန်မာအနုပညာရှင်တွေကို တွေ့ချင်မြင်ချင်ကြတယ်။ ဒါကြောင့် အခုလို စီစဉ်ကြတာလို့ ထင်ပါတယ်။ ကျွန်တော်တို့ အနုပညာရှင်တွေ အနေနဲ့လည်း ပြည်ပရောက်နေတဲ့ပရိသတ် တွေနဲ့ ဆုံတွေ့ခွင့်ရတယ်လေ။

မေသန်းနု

    မဆင့် ဒီလကုန်ပိုင်းမှာ ကိုရန်လေးနဲ့ပဲ အမေရိကားကို ဖျော်ဖြေရေး ခရီးသွားမယ်။ အရင်ကလည်း ဖျော်ဖြေရေးခရီးလေးတွေ သွားဖူးပါတယ်။ ဒီလို ဖျော်ဖြေရေးခရီးတွေ သွားတာ က ပြည်ပရောက်နေတဲ့ ကိုယ့်ပရိသတ်တွေနဲ့ ဆုံရသလို အနုပညာရှင်အချင်းချင်း ခရီးအတူတူထွက်တာဆိုတော့ စိတ်လက်ပေါ့ပါးတာပေါ့လေ။ ဖျော်ဖြေရတာလည်း ပုံစံသစ်ဖြစ်သလို နေရာသစ်ဆိုတော့ စိတ်အပြောင်းအလဲလည်း ဖြစ်တာပေါ့။

မိုးယုစံ

    မိုးယု ပထမဆုံး ပြည်ပဖျော်ဖြေရေး ခရီးစဉ်အဖြစ် စင်ကာပူကို သွားခဲ့ဖူးတယ်။ စင်ကာပူ နှင်းဆီဖျော်ဖြေရေးအတွက်ပါ။ အခုအင်္ဂလန်မှာ ဖျော်ဖြေရေးခရီးစဉ် ထပ်သွားဖို့ ရှိပါတယ်။ မိုးယုရဲ့ပြည်ပရောက်နေတဲ့ ပရိသတ်ကို တွေ့ခွင့်ရတာကြောင့် ပျော်ရွှင်ရသလို ကိုယ့်ဘက်ကအကောင်းဆုံး ဖျော်ဖြေနိုင်ဖို့လည်း ကြိုတင်ပြင်ဆင်ရပါတယ်။ မိုးယုတို့က သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက် ကိုယ်တတ်စွမ်းသလောက် ဖျော်ဖြေရာမှာ အမှားအယွင်းပါသွားမှာလည်း စိုးရိမ်မိပါတယ်။

မိုးဟေကို

    မိုးဟေ မနှစ်က အင်္ဂလန်မှာဖျော်ဖြေရေးအတွက် သီချင်းသွားဆိုခဲ့ရပါတယ်။ ဟိုမှာရှိနေတဲ့ ပရိသတ်တွေ က လှိုက်လှိုက်လှဲလှဲ အားပေးတာကြောင့် ပျော်ရွှင်ရတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် မိုးဟေက အဆိုတော်တစ်ယောက် မဟုတ်တဲ့အတွက် သီချင်းဆိုတဲ့နေရာမှာ အမှားအယွင်းဖြစ်မှာတော့ စိုးရိမ်မိပါတယ်။ အခုဒီနှစ်မှာ မိုးဟေကို ပြည်ပဖျော်ဖြေရေးခရီးတွေ ဖိတ်ထားတာရှိပေမယ့် လောလောဆယ်တော့ မသွားဖြစ်သေးပါဘူး။ မိုးဟေခရီးတစ်ခု သွားတယ်ဆိုလည်း အချိန်တစ်ခုပေးရတာကြောင့် ဒီကပရိသတ်တွေနဲ့ ဝေးကွာသွားမှာ စိုးရိမ်ပါတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာ ဇာတ်ကားရိုက်တာလေးတွေကိုပဲ ဦးစားပေးပြီး လုပ်ဖြစ်နေတာပါ။ ဇာတ်ကားရိုက်လေးတွေလည်း ညှိလို့ ရခဲ့မယ် ဆိုရင်တော့ ပြည်ပဖျော်ဖြေရေးခရီး အနေနဲ့သွားဖြစ်မှာပါ။

သက်မွန်မြင့်

    သက်မွန် ဒီနှစ်သင်္ကြန်မတိုင်ခင်မှာ စင်ကာပူဖျော်ဖြေပွဲကို လေးဇီးကလပ်တီးဝိုင်းနဲ့အတူ သွားဖြစ်ခဲ့ပါတယ်။ သက်မွန်က သီချင်းမဆိုတတ်တော့ သင်္ကြန်အကလေးနဲ့ပဲ ဖျော်ဖြေ ဖြစ်တာပါ။ အရင်ကတော့ ပြည်ပခရီးတွေက ကိုယ့်ဘာသာ ဈေးဝယ် ထွက်တာမျိုး၊ အလည်သွားတာမျိုး လောက်ပဲ သွားခဲ့ဖူးတာလေ။ အခုလို ဖျော်ဖြေရေးအနေနဲ့ သွားရတာကတော့ အမှတ်တရပါပဲ။ သက်မွန်ကားရိုက်ရက်နဲ့ ညှိလို့ရတဲ့ ခရီးစဉ်မျိုးဆိုရင်တော့ ပြည်ပဖျော်ဖြေရေးတွေ သွား ဖြစ်မှာပါ။

ရတနာမိုင်

    မိုင်လေးဇူလိုင်လမှာ မလေးရှား နဲ့ နိုဝင်ဘာလမှာ ဂျပန်ကိုသွားဖို့ ရှိပါ တယ်။ မိုင်လေးနဲ့အတူ တခြားအနု ပညာရှင်တွေလည်း ပါဝင်ပါလိမ့် မယ်။ မိုင်လေးအနေနဲ့ကတော့ အဆိုတော်တစ်ဦးအနေနဲ့ပဲ ဖျော်ဖြေဖြစ်မှာ ပါ။ အဲဒီပွဲတွေမှာ မိုင်လေးရဲ့တစ်ကိုယ်တော်ခွေထဲက သီချင်းတွေရော အတွဲခွေတွေထဲက သီချင်းတွေပါဆို ဖြစ်မှာပါ။ ပြည်ပဖျော်ဖြေပွဲတွေများ လာတာကတော့ ပြည်ပရောက် မြန်မာတွေက မိုင်လေးတို့ မြန်မာအနုပညာ ရှင်တွေနဲ့ ဆုံတွေ့ခွင့်၊ အားပေးခွင့်ရအောင် ကြိုးစားလာကြတာလို့ ထင်ပါတယ်။ ဒါကြောင့်မိုင်လေးတို့ အနုပညာရှင်တွေဘက်ကလည်း သူတို့စောင့်ကြည့် အားပေးရကျိုးနပ်အောင် ကြိုးစားရမှာပါ။   

(၆) အနုပညာရှင်များစွာ ပါဝင်သော Lဆိုင်းဇီ၏ One Lady Show

    L ဆိုင်းဇီ၏ ပထမဆုံးအကြိမ် အဖြစ်ကျင်းပသော တစ်ကိုယ်တော် ဖျော်ဖြေပွဲကို  အဆိုတော်များစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဖျော်ဖြေပွဲကို ဇွန်လ ၁၉ ရက်နေ့ ညနေ ၆နာရီ တွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်း ရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ ဖျော်ဖြေပွဲသို့ ကချင်တိုင်းရင်းသားများစွာ လာရောက်အားပေးခဲ့သည့်အပြင် ဆိုင်းဇီ၏ အမာခံပရိသတ်များ၊ အနုပညာ မောင်နှမများစွာကလည်း လာရောက် အားပေးခဲ့ကြကြောင်း သိရှိရသည်။  ဖျော်ဖြေပွဲတွင် ဆိုင်းဇီက သီချင်းအေးအေးလေးများ အများဆုံးသီဆိုသည့်အတွက် ပရိသတ်ရှိမှ ရှိပါ့မလား စိတ်ပူမိကြောင်းနှင့်  ယခုကဲ့သို့ အားပေးကြသည့်အတွက် ကျေးဇူးများစွာ တင်ရှိကြောင်း ပြောကြားခဲ့သည်။

    ထို့နောက်တွင် The Trees တီးဝိုင်းနှင့်အတူ ဆိုင်းဇီကတစ်ဦးတည်း သီဆိုခဲ့သည့်အပြင် အခြားဧည့်သည် အဆိုတော်များဖြင့်လည်း စုံတွဲသီချင်းများကို သီဆိုဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။

    ''ဆိုင်းဇီက တစ်ကိုယ်တော်ခွေ အနေနဲ့ နည်းပေမယ့် သူ့သီချင်းတော်တော်များများက ပေါက်တာများတော့ ပွဲကောင်းပါပဲ။ ယောက်ျားလေး တချို့က ပွဲအေးတယ်လို့ မှတ်ချက်ချကြပါတယ်''ဟု ပွဲကြည့်ပရိသတ် တစ်ဦးက ဆိုသည်။

    အဆိုပါဖျော်ဖြေပွဲတွင် အဆိုတော် ၃၀ ကျော် ပါဝင်အားဖြည့် သီဆိုခဲ့ပြီး ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သူ နောနော်မှ သူ၏ Blaze တီးဝိုင်းဖြင့် တေးသီချင်းများကို သီဆိုပေးခဲ့ပြီး အဆိုတော်အချို့ ကလည်း စီဒီများဖြင့် သီချင်းများ သီဆိုခဲ့ကြကြောင်း သိရှိရသည်။
ပြည်ပဖျော်ဖြေပွဲများသို့ ယခင်ကအဆိုတော်များနှင့် တီးဝိုင်းများတွဲဖက်၍ သွားရောက် ဖျော်ဖြေခဲ့သော်လည်း ယခုနောက်ပိုင်းနှစ်များမှ စတင်၍ သရုပ်ဆောင်များပါ သွားရောက် ဖျော်ဖြေရန် ဖိတ်ကြားခြင်းခြင်းများ ရှိလာခဲ့သည်။ ယင်းသို့ ဖိတ်ကြားလာကြခြင်းမှာ ပြည်ပရောက် မြန်မာများအနေဖြင့် မိမိတို့ နှစ်သက်အားပေးသည့် သရုပ်ဆောင်များအား မြင်တွေ့ခွင့်ရခြင်း၊ ပွဲကျင်းပသည့် ကုန်ကျစရိတ်မှာလည်း အဆမတန်များပြားမှုမရှိဘဲ တတ်နိုင်လောက်သည့် အနေအထားတို့တွင်ရှိခြင်း တို့ကြောင့်ဖြစ်သည် ဟုသိရသည်။ ဖိတ်ကြားခံရသည့် သရုပ်ဆောင်များအနေဖြင့်လည်း ဇာတ်ကားရိုက်ကူးမှုများနှင့် ညှိနှိုင်း၍ရသည့်ရက်များတွင် ပြည်ပဖျော်ဖြေရေး ခရီးစဉ်များအား သွားရောက်မြဲပင်ဖြစ်သည်။ ယင်းသို့ များပြားလာသည့် ပြည်ပဖျော်ဖြေပွဲများနှင့် သရုပ်ဆောင်များအတွက် ဖျော်ဖြေရေးပုံစံသစ် တစ်ခုဖြစ်လာခြင်းကို လေ့လာမိသည့် အလျောက် ယခုနှစ်အတွင်း ပြည်ပဖျော်ဖြေပွဲသွားရောက်မည့် သရုပ်ဆောင်အချို့နှင့် တွေ့ဆုံဖြစ်ခဲ့ရာ . . .
မင်းမော်ကွန်း

    ကျွန်တော် ဇွန်လ ၂၀ ရက် နောက်ပိုင်းမှာ အမေရိကားကို ဖျော်ဖြေရေးခရီး သွားရောက်မှာပါ။ ကျွန်တော်နဲ့အတူ ရဲလေး၊ ၀ိုင်းစုခိုင် သိန်း၊ ရေဗက္က၀င်း၊ Lဆိုင်းဇီတို့ ပါပါတယ်။ အမေရိကားကို ပထမဆုံး ဖျော်ဖြေရေး ခရီးစဉ်အနေနဲ့ သွားရမှာပါ။ ကျွန်တော့်အနေနဲ့ အရင်ကလည်း ပြည်ပဖျော်ဖြေပွဲတွေ သွားခဲ့ဖူးပါတယ်။ ကျွန်တော်က သရုပ်ဆောင် ဆိုပေမယ့် သီချင်းလည်းဆိုတဲ့အခါကျတော့ ပြည်ပဖျော်ဖြေရေးသွားတဲ့ အခါ သီချင်းလည်းဆိုဖြစ်ပါတယ်။ အခုလို ပြည်ပဖျော်ဖြေပွဲတွေ များလာတာက ဟိုမှာရှိနေတဲ့ မြန်မာပရိသတ်တွေက သရုပ်ဆောင်တွေနဲ့ တွေ့မြင် ချင်ကြလို့ ဖိတ်ကြတာလို့ထင်ပါတယ်။ သရုပ်ဆောင်တွေဘက်က ပြန်ကြည့်တော့လည်း ဟိုက ပရိသတ်တွေနဲ့ တွေ့ခွင့်ရတယ်။ ဒီတော့ ကားရိုက်ရက်တွေ ညှိနှိုင်းလို့ရတယ်ဆိုတာနဲ့ သွားဖျော်ဖြေ ဖြစ်ကြတာများပါတယ်။

နေတိုး

    ကျွန်တော်ဒီနှစ်ထဲမှာ စင်ကာပူကို နှင်းဆီအဖွဲ့သားတွေနဲ့အတူ 'စင်ကာပူနှင်းဆီ' အငြိမ့်သွားရောက် ကပြဖျော်ဖြေဖြစ်ပါတယ်။ အခုဇွန်လ ၁၆ ရက်နေ့မှာ ဒါရိုက်တာ စင်ရော်မောင်မောင်ရိုက်မယ့် 'မနက်ဖြန်အစီအစဉ်' ဇာတ်ကားအတွက် စင်ကာပူ သွားရိုက်ဖြစ်တယ်။ စင်ကာပူမှာ ဇာတ်ကားရိုက်ဖြစ်တာ ပထမဆုံးပါပဲ။ သြဂုတ်လမှာ အင်္ဂလန်ဖျော်ဖြေရေး ခရီးစဉ်တစ်ခုသွားဖို့ ရှိပါတယ်။ နိုဝင်ဘာလမှာ ဂျပန်ကို ဖျော်ဖြေရေးအနေ နဲ့ပဲ သွားဖို့ရှိတယ်။ ပြည်ပဖျော်ဖြေရေးပွဲတွေ သရုပ်ဆောင်တွေ သွားရတာများလာတာကတော့ ဟိုမှာရှိနေတဲ့ မြန်မာပရိသတ်တွေနဲ့ ထိတွေ့ခွင့်ရတာပေါ့။ ကိုယ့်ကိုအားပေးဖို့ စောင့်နေကြတဲ့သူတွေအတွက် အားပေးရကျိုးနပ်အောင် ကိုယ့်ဘက်က ကြိုးစားဖို့လိုမယ် ထင်တယ်။

ထွန်းထွန်း

    ကျွန်တော်ဇူလိုင်လထဲမှာ အင်္ဂလန်ကို ဖျော်ဖြေရေးခရီးသွားဖို့ ရှိပါတယ်။ အငြိမ့်ကပြရမယ်လို့ ပြောပါတယ်။ နှစ်ဦးပိုင်းတုန်းကလည်း စင်ကာပူမှာ နှင်းဆီအဖွဲ့သားတွေ အနေနဲ့သွားပြီး ကပြဖျော်ဖြေခဲ့ရပါတယ်။ အဆိုတော်တစ်ယောက်အနေနဲ့ ဖျော်ဖြေရတဲ့ပွဲမျိုးနဲ့ အခုလိုသရုပ်ဆောင် တစ်ယောက်အနေနဲ့ သွားပြီးဖျော်ဖြေရတဲ့ ပွဲမျိုးကခံစားချက်ချင်းက နည်းနည်းတော့ကွာတာပေါ့။ ဟိုမှာရှိနေတဲ့ ပရိသတ်တွေကို တွေ့ခွင့်ရတာခြင်း ကတော့အတူတူပါပဲ။ အခုလို သရုပ်ဆောင်တွေအတွက် ပြည်ပဖျော်ဖြေပွဲတွေ များလာတာက ကောင်းပါတယ်။ ဒါက ပုံစံသစ်ဖျော်ဖြေပွဲတွေ ဖြစ်လာတာပေါ့လေ။

အိန္ဒြာကျော်ဇင်

    အူဝဲဇူလိုင်လမှာ ဂျပန်ဖျော် ဖြေရေးသွားဖို့ ရှိပါတယ်။ မနှစ်ကတော့ အမေရိကားကို အလည်သွားရင်းနဲ့ ဟိုမှာရောက်နေတဲ့ အနုပညာရှင်တွေနဲ့ အမှတ်တရ ဖျော်ဖြေပွဲပုံစံလေးတော့ လုပ်ဖြစ်ခဲ့ပါတယ်။ အူဝဲတို့ သရုပ်ဆောင်တွေ ဖျော်ဖြေရေးပွဲ တွေများလာတယ် ဆိုတာက ဟိုကို ရောက်နေတဲ့ ပရိသတ်တွေက သူတို့အခွေတွေကနေ တစ်ဆင့်ပဲတွေ့မြင်ခွင့် ရနေတဲ့သရုပ်ဆောင်တွေကို အပြင်မှာ မြင်တွေ့ခွင့်ရတဲ့အတွက် စုပြီးဖျော်ဖြေပွဲလေးတွေ လုပ်လာကြတာလေ။ အဲဒီတော့ အူဝဲတို့ သရုပ်ဆောင်တွေဘက်ကလည်း ဟိုမှာရှိနေတဲ့ ပြည်ပရောက် မြန်မာပရိသတ်တွေကို တရင်းတနှီး ဖျော်ဖြေခွင့်ရတာပေါ့။

ဇူးဇူးမောင်

    ချို့ရဲ့ပြည်ပဖျော်ဖြေရေးခရီး အနေနဲ့ ဂျပန်ကိုသွားဖြစ်ခဲ့ပါတယ်။ ပထမဆုံး ပြည်ပဖျော်ဖြေရေး ခရီးဖြစ်တဲ့အပြင် သီချင်းဆိုဖို့ ဆိုတာကလည်း ချိုနဲ့စိမ်းတဲ့အရာဖြစ်နေတော့ ရင်တွေအရမ်းခုန်ပြီး ကြောက်လည်းကြောက်နေမိတယ်။ တကယ်တမ်း ဟိုကို ရောက်တော့ ဂျပန်ကမြန်မာတွေက လှိုက်လှိုက်လှဲလှဲ အားပေးကြလို့ ၀မ်းသာပြီး အရမ်းလည်းပျော်ခဲ့ရပါတယ်။ နောက်လည်း အခုလိုဖျော်ဖြေပွဲတွေ အခွင့်အရေးရရင် သွားချင်ပါသေးတယ်။

ရန်အောင်

    ဒီလကုန်ပိုင်းမှာ အမေရိကားကို ဖျော်ဖြေရေး သွားဖြစ်ပါလိမ့်မယ်။ ဘုန်းကြီးကျောင်း ရန်ပုံငွေပွဲတစ်ပွဲ ပါ။ ဒီပွဲလေးကသွားဖို့ စီစဉ်လိုက်၊ ရက်ရွှေ့ထားလိုက်နဲ့ သွားဖြစ်ဖို့က ကြာနေတာပါ။ အရင်ကလည်း အခုလို ဖျော်ဖြေရေးလေးတွေတော့ သွားဖူးပါတယ်။ ပြည်ပဖျော်ဖြေပွဲတွေ များလာတာကတော့ ပြည်ပရောက်နေတဲ့ မြန်မာတွေ များလာတဲ့အခါကျတော့ မြန်မာအနုပညာရှင်တွေကို တွေ့ချင်မြင်ချင်ကြတယ်။ ဒါကြောင့် အခုလို စီစဉ်ကြတာလို့ ထင်ပါတယ်။ ကျွန်တော်တို့ အနုပညာရှင်တွေ အနေနဲ့လည်း ပြည်ပရောက်နေတဲ့ပရိသတ် တွေနဲ့ ဆုံတွေ့ခွင့်ရတယ်လေ။

မေသန်းနု

    မဆင့် ဒီလကုန်ပိုင်းမှာ ကိုရန်လေးနဲ့ပဲ အမေရိကားကို ဖျော်ဖြေရေး ခရီးသွားမယ်။ အရင်ကလည်း ဖျော်ဖြေရေးခရီးလေးတွေ သွားဖူးပါတယ်။ ဒီလို ဖျော်ဖြေရေးခရီးတွေ သွားတာ က ပြည်ပရောက်နေတဲ့ ကိုယ့်ပရိသတ်တွေနဲ့ ဆုံရသလို အနုပညာရှင်အချင်းချင်း ခရီးအတူတူထွက်တာဆိုတော့ စိတ်လက်ပေါ့ပါးတာပေါ့လေ။ ဖျော်ဖြေရတာလည်း ပုံစံသစ်ဖြစ်သလို နေရာသစ်ဆိုတော့ စိတ်အပြောင်းအလဲလည်း ဖြစ်တာပေါ့။

မိုးယုစံ

    မိုးယု ပထမဆုံး ပြည်ပဖျော်ဖြေရေး ခရီးစဉ်အဖြစ် စင်ကာပူကို သွားခဲ့ဖူးတယ်။ စင်ကာပူ နှင်းဆီဖျော်ဖြေရေးအတွက်ပါ။ အခုအင်္ဂလန်မှာ ဖျော်ဖြေရေးခရီးစဉ် ထပ်သွားဖို့ ရှိပါတယ်။ မိုးယုရဲ့ပြည်ပရောက်နေတဲ့ ပရိသတ်ကို တွေ့ခွင့်ရတာကြောင့် ပျော်ရွှင်ရသလို ကိုယ့်ဘက်ကအကောင်းဆုံး ဖျော်ဖြေနိုင်ဖို့လည်း ကြိုတင်ပြင်ဆင်ရပါတယ်။ မိုးယုတို့က သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက် ကိုယ်တတ်စွမ်းသလောက် ဖျော်ဖြေရာမှာ အမှားအယွင်းပါသွားမှာလည်း စိုးရိမ်မိပါတယ်။

မိုးဟေကို

    မိုးဟေ မနှစ်က အင်္ဂလန်မှာဖျော်ဖြေရေးအတွက် သီချင်းသွားဆိုခဲ့ရပါတယ်။ ဟိုမှာရှိနေတဲ့ ပရိသတ်တွေ က လှိုက်လှိုက်လှဲလှဲ အားပေးတာကြောင့် ပျော်ရွှင်ရတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် မိုးဟေက အဆိုတော်တစ်ယောက် မဟုတ်တဲ့အတွက် သီချင်းဆိုတဲ့နေရာမှာ အမှားအယွင်းဖြစ်မှာတော့ စိုးရိမ်မိပါတယ်။ အခုဒီနှစ်မှာ မိုးဟေကို ပြည်ပဖျော်ဖြေရေးခရီးတွေ ဖိတ်ထားတာရှိပေမယ့် လောလောဆယ်တော့ မသွားဖြစ်သေးပါဘူး။ မိုးဟေခရီးတစ်ခု သွားတယ်ဆိုလည်း အချိန်တစ်ခုပေးရတာကြောင့် ဒီကပရိသတ်တွေနဲ့ ဝေးကွာသွားမှာ စိုးရိမ်ပါတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာ ဇာတ်ကားရိုက်တာလေးတွေကိုပဲ ဦးစားပေးပြီး လုပ်ဖြစ်နေတာပါ။ ဇာတ်ကားရိုက်လေးတွေလည်း ညှိလို့ ရခဲ့မယ် ဆိုရင်တော့ ပြည်ပဖျော်ဖြေရေးခရီး အနေနဲ့သွားဖြစ်မှာပါ။

သက်မွန်မြင့်

    သက်မွန် ဒီနှစ်သင်္ကြန်မတိုင်ခင်မှာ စင်ကာပူဖျော်ဖြေပွဲကို လေးဇီးကလပ်တီးဝိုင်းနဲ့အတူ သွားဖြစ်ခဲ့ပါတယ်။ သက်မွန်က သီချင်းမဆိုတတ်တော့ သင်္ကြန်အကလေးနဲ့ပဲ ဖျော်ဖြေ ဖြစ်တာပါ။ အရင်ကတော့ ပြည်ပခရီးတွေက ကိုယ့်ဘာသာ ဈေးဝယ် ထွက်တာမျိုး၊ အလည်သွားတာမျိုး လောက်ပဲ သွားခဲ့ဖူးတာလေ။ အခုလို ဖျော်ဖြေရေးအနေနဲ့ သွားရတာကတော့ အမှတ်တရပါပဲ။ သက်မွန်ကားရိုက်ရက်နဲ့ ညှိလို့ရတဲ့ ခရီးစဉ်မျိုးဆိုရင်တော့ ပြည်ပဖျော်ဖြေရေးတွေ သွား ဖြစ်မှာပါ။

ရတနာမိုင်

    မိုင်လေးဇူလိုင်လမှာ မလေးရှား နဲ့ နိုဝင်ဘာလမှာ ဂျပန်ကိုသွားဖို့ ရှိပါ တယ်။ မိုင်လေးနဲ့အတူ တခြားအနု ပညာရှင်တွေလည်း ပါဝင်ပါလိမ့် မယ်။ မိုင်လေးအနေနဲ့ကတော့ အဆိုတော်တစ်ဦးအနေနဲ့ပဲ ဖျော်ဖြေဖြစ်မှာ ပါ။ အဲဒီပွဲတွေမှာ မိုင်လေးရဲ့တစ်ကိုယ်တော်ခွေထဲက သီချင်းတွေရော အတွဲခွေတွေထဲက သီချင်းတွေပါဆို ဖြစ်မှာပါ။ ပြည်ပဖျော်ဖြေပွဲတွေများ လာတာကတော့ ပြည်ပရောက် မြန်မာတွေက မိုင်လေးတို့ မြန်မာအနုပညာ ရှင်တွေနဲ့ ဆုံတွေ့ခွင့်၊ အားပေးခွင့်ရအောင် ကြိုးစားလာကြတာလို့ ထင်ပါတယ်။ ဒါကြောင့်မိုင်လေးတို့ အနုပညာရှင်တွေဘက်ကလည်း သူတို့စောင့်ကြည့် အားပေးရကျိုးနပ်အောင် ကြိုးစားရမှာပါ။   

(၅) ရွေးသင့်တဲ့ချစ်သူ

၁)မိုးသက်လေပြင်းကျချိန် ချစ်သူ စိုမှာ စိုးလို့  အကာအကွယ်ပေးပြီးလိုက်မိုးပေ
းသူ...
(လိုအပ်ရင် အကျီင်္လေးပါချွတ်ပေးလို့ ကာမိုးပေးသူ...)

၂)သူ့ လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့ မှုတွေ အဝေးကို ပြေးစေသူ...
(ဘယ်လောက်ပဲ ဇောချွေးပူလို့ သူ့ မှာသောကတွေများနေပါစေ သူ့ လက်တစ်စုံနဲ့ ကိုယ့်ကိုအင်အားတွေပေးစေသူ ...)

၃)ချမ်းအေးတဲ့  ဆောင်းမနက်ခင်းမျိုးမှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ...
(လိုအပ်ရင် ရင်ခွင်ထဲ ဆွဲပွေ့ ပေးထားတတ်သူ...)

၎)ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံအဖြစ် အသင့်ရှိနေသူ...
(မင်းမျက်ရည်ကျတာကိုယ်မမြင်ချင်ဘူးကွာဟုတားမည် ။...သို့ သော်လိုအပ်လာလျှင်
သူ့ ပုခုံးနှစ်ဘက်ကိုအသင့်ပြင်ပေးထားသူ... Cry on my shoulder...လို့ ပြောတတ်သူ...)

၅)Avril lavigne မဟုတ်ပေမယ်လဲ မင်းသီချင်းဆိုတာလေးက အရမ်းနားထောင်လို့ 
ကောင်းတယ်လို့ ကိုယ့်ကိုကျေနပ်အောင်ပြောပေးတတ်သူ ...

၆)Romance moviesတွေကိုကြိုက်သော်လည်း ကိုယ်နှစ်သက်တဲ့ 
harry potter ကားမျိုးကို မပျင်းမရိလိုက်ကြည့်ပေးတတ်သူ ...

၇)ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့ အတူ စိတ်ရှည်လက်ရှည် လိုက်ရေတွက်တတ်သူ...
(တခါတရံကောင်းကင်ယံက ဒဏ္ဍာရီချစ်မောင်နှံ ခွန်စံလောနဲ့ နန်းဦးပြင်ကြယ်လေးအကြောင်းပါ
စိတ်ဝင်စားဖို့ ကောင်းအောင် ပြောပြပေးတတ်သူ ...)

၈)ကိုယ်မွေးနေ့ ကိုမှတ်မိပြီး မှတ်မှတ်ရရ အမှတ်တရတွေဖန်တီးပေးတတ်သူ...
(သူများနဲ့ မတူပဲ ကိုယ့်ရင်ကို လှုပ်ခတ်နိုင်မဲ့ လက်ဆောင်မျိုးပေးနိုင်အောင် ဖန်တီးတတ်သူ ...)

၉)ငါဒီလောက်ဆိုးတာနင်ဘာလို့ ချစ်တာလဲလို့ မေးတိုင်း..ဆိုးတာလေးကိုပဲချစ်တာဟု ပြုံးကာဖြေတတ်သူ...

၁၀)မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ...
(ဆွေးမျိုးမေ့အောင်ကောင်းပါတယ်ဟေ့ လို့ ...တခါတခါ ၀မ်းသာအောင်ပြောပေးတတ်သူ ...)

၁)ကိုယ်စိတ်ညစ်လို့ စိတ်ဓါတ်ကျနေချိန်မှာ ကိုယ့်အတွက် တစုံတခုကို ဖန်ဆင်းပေးချင်သူ ...
(ဖြစ်နိုင်ရင် ကိုယ်ရဲ့ ဝေဒနာတွေကို ဟိုးအဝေးကိုမောင်းထုတ်ပြစ်ေ
ပးချင်သူ ...
အာလာဒင်သာဖြစ်ရင်ဆိုတဲ့ အတွေးမျိုးတခါတရံမှာ ၀င်တတ်သူ...)

၂)သိပ်ချစ်တာကိုသိသော်လဲ ခဏခဏကြားချင်လို့ နင်ငါ့ကိုယ်ဘာလို့ ချစ်တာလဲလို့ မေးတတ်သူ ...

၃)ကိုယ်ဟာလူတကာအမြင်မှာ ချွတ်တားလေးဖြစ်နေပေမယ့် သူ့ စိတ်အစဉ်ထဲမှာ ဟီးရိုးလို့ မှတ်ယူပေးထားတတ်သူ ...

၎)သာမာန်ထက်မထူးခြားတဲ့ကိုယ့်ကို ချစ်ဖို့ အရမ်းကောင်းတယ် ၊ချစ်ဖို့ အရမ်းကောင်းတယ်ဟုပြောကာ အူတိုနေတတ်သူ ...

၅)ဘာတွေဖြစ်လာဖြစ်လာ ကိုယ့်ကိုဦးဆုံးစဉ်းစား၊သတိရတတ်သူ ...(ဥပမာ-အစားအသောက်ကောင်းလေးများ၊
ဇာတ်လမ်းကောင်းလေးများနဲ့ ကြုံကြိုက်လာတာမျိုးကအစ...)

၆)ဖယောင်းတိုင်လို ကိုယ့်အပူကိုသူ့ ကိုယ်မပေးချင်ပဲ ...သူပျော်နေတာတွေကိုပဲ ဝေမျှခံစားပေးချင်သူ ...

၇)ဗေဒင် လက္ခဏာတွေကိုမယုံပါနဲ့ ...အနာဂတ်ကငါတို့ ရဲ့ လက်ထဲမှာပါလို့  ရဲဝင့်စွာကြွေးကြော်တတ်သူ ...

၈)ချစ်သူကို တစ်နေ့ မမြင်ရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ ...
(သူ့ အတွက်ကိုယ်ဟာ necessary ဟုလို့ ပင်မှတ်ယူထားတတ်သူ...)

၉)မောပန်းနွမ်းလျလို့ အားအင်ချိနဲ့ ပင်ပန်းနေတဲ့အခိုက် လိမ္မော်ရည်လေးတစ်ခွက်လောက်နဲ့ အသင့်ပြင်ဆင်ထားတတ်သူ ...
(အနည်းဆုံးရေအေးအေးလေးလောက်တော့ တိုက်ပေးတတ်သူ..)

၁၀)ပျော်ရွှင်စရာတွေယူဆောင်လာပေးတဲ့အတွက် ကျေးဇူးပါလို့ ခဏခဏပြောကာ...
( နင့်ကြောင့် ငါပျော်ခဲ့ရတာလေ ဆိုပြီး ချစ်သူကို ဂုဏ်ယူစရာမရှိ ကြံဖန်ဂုဏ်ယူပေးတတ်သူ ...)

(၄) ကိုယ်နဲ ကိုယ်ချစ်သူတိုမွေးလာမဲ့ ကလေးရဲ ပုံစံလေးကို တွေချင်ပါသလား?

ကိုယ်နဲ့ကိုယ့်ချစ်သူတို့လက်ထပ်ပြီးတဲ့အခါ
မွေးလာမယ့်မိမိတို့ကလေးရဲ့ပုံကိုကြည့်ချင်ပါသလား
ဒီကို သွားလိုက်ပါ....http://www.makemebabies.com/

အရင်ဆုံး Browse ကနေမိမိပုံကိုတင်လိုက်ပါ
ပြီးရင် go ကိုနှိပ်လိုက်ပါ
ပြီးရင်မိမိပုံကို edit လုပ်ပြီး next ကိုပေးလိုက်ပါ

upload Partner's Photo ဆိုတာကိုကလစ်ပေးလိုက်ပါ
Browse ကနေမိမိ ချစ်သူပုံကိုထည့်လိုက်ပါ
next ပေးပါ
ြ့ပီးရင် ကောင်လေးပုံပေါ်စေချင်တာလား
ကောင်မလေးပုံပေါ်စေချင်တာလား ဆိုတာရွေးပါ
Baby name မှာနာမည်ထည့်ပါ
proceed ကိုပေးလိုက်ပါ

အဲဒါဆိုရင်တော့ မိမိတို့ရဲ့ baby ပုံလေးကိုတွေ့ရမှာဖြစ်ပါတယ်

အခုတလော europe မှာရေပန်းစားနေတဲ့ site လေးပါ
အနီးစပ်ဆုံးတူတယ်လို့တော့ညွန်းကျတာပဲ....
စမ်းကြည့်ကြပေါ့......Register လုပ်ဖို.တော့လိုပါတယ်....

ကျွန်တော်ကတော့ စော်မချိလို့ .. X-men ကားထဲက မင်းသမီး ( jennifer lawrence ) နဲ့ ပွားလိုက်တယ် .. ကလေးက ရုပ်တောင်ပိုဆိုးသွားသလိုပဲ .. ဟီးဟီး .. ဒါပေမယ့် ကိုယ့်သမီးလေးဖြစ်ပြီဆိုတော့ ချစ်ရတော့မှာပေါ့နော့  .. ကလေးလေးနာမည်က မှတ်ထားဦးနော် .. jennifer kyaw တဲ့ .. :P

အဆင်ပြေလားမသိဘူး ? အဆင်ပြေရင် ကောမန့်လေးတွေ မြင်ချင်တယ်ခင်ဗျာ ... ခင်မင်လျှက် .. snake

http://answerfriends.multiply.com က မှီငြိမ်းထားတာပါခင်ဗျ

(၃) ကောင်မလေး တွေသဘောကျမယ့် talky (၁၀) ခွန်း

ဆွဲဆောင်မှုရှိပြီး ချောမောလှပသော မိန်းကလေးတစ်ဦးနှင့် စတင်တွေ.ဆုံ စကားဖောင်ဖွဲ.ပါက မနောခွေ.သွားစေမည့်
အကောင်းဆုံး စကားကြီး (၁၀)ခွန်းကို ကမ္ဘာတစ်ဝန်းရှိ လူပေါင်း (၄၀၀) ကျော်အား မေးမြန်းထားပြီး ဗြိတိန်နိုင်ငံက စစ်တမ်းတစ်ခုကို
ထုတ်ပြန်ခဲ့သည် ။
တစ်စုံတစ်ယောက်နှင့် အထူးသဖြင့် မိန်းကလေးတစ်ယောက်နှင့် စကားပြောဆိုပါက ဟာသဥာဏ်ရှိခြင်းသည်သာ
အကောင်းဆုံး စွဲဆောင်နိုင်သော နည်းလမ်းဖြစ်ကြောင်း စစ်တမ်းတွင် ဖြေဆိုသူ ၅၀% ကျော်က ဖြေဆိုကြသည် ။

(၁) မင်းအဖေက စောရတစ်ယောက်ဖြစ်နိုင်တယ် ။
ဘာလို.လဲဆိုတော့ သူက ကြယ်တွေကို ခိုးပြီး မင်းမျက်ဝန်းတွေထဲ ထည့်ထားလို.လေ ။
ကာလမ်ဘတ်စ် ( ဗြိတိန် နှင့် အမေရိကန် မော်ဒယ်လ်ဟောင်း )

(၂) တကယ်လို.သာ အက္ခရာတွေကို ပြန်စီလို.ရမယ်ဆိုရင် U နဲ. I ( မင်းနဲ့ ငါ ) အတူကပ်ပြီး ထားလိုက်ချင်တယ် ။
ကာရိုး ဗွန်ဒါမန် ( ကစားပွဲ အစီအစဉ် Countdown ကိုတင်ဆက်သူ)

(၃) ကိုယ် နတ်ပြည်ရောက်နေတာဖြစ်ရမယ် ။
နတ်သမီးလေးတစ်ပါးကို တွေ.နေရလို.လေ...။

မာရီယို မာကိုနီ (ဗြိတိန် နာမည်ကြီး ရုပ်သံ ဇါတ်လမ်းတွဲများတွင် ပါဝင်ခဲ့သူ )

(၄) မင်း မိုးပေါ်ကကျလာတုန်း ခိုက်မိသွားသေးလား ။
ခရစ်တီယာနို ရော်နယ်လ်ဒို ( မန်ယူ နှင့် ရီယဲလ် ကစားသမားဟောင်း )

(၅) ရော့ ..ဒီမှာ ဆယ်ပြား..။ မင်းအမေကို ဖုန်းဆက်လိုက် ။ ဒီည ပြန်မလာတော့ဘူးလို. ..။

ဂျိုဒီးမားရှ် ( ဗြိတိန် မော်ဒယ်လ်နဲ. သရုပ်ဆောင် )(၆) မင်းကို ဖမ်းလိုက်ပြီ..။ ငါ့ အိပ်မက်ထဲ အခွင့်မရှိဘဲ ၀င်လာလို. ။

ရိုင်းစ်အိုင်ဖန်း ( ဝေလနယ်သား သရုပ်ဆောင် )

(၇) နဲနဲ ကြမ်းလို. ဆင်ဆာဖြတ်ပါတယ် ခင်ဗျာ ။

(၈) မင်းမောနေပြီ မဟုတ်လား။ တနေကုန် ငါ့စိတ်ထဲမှာ ပြေးလွားနေရလို.လေ..။
လီရှပ် ( မန်ယူ ကစားသမားဟောင်း နှင့် ရုပ်သံတင်ဆက်သူ )

(၉) နဲနဲ ဗြောင်ကျလို. ဆင်ဆာဖြတ်ပါတယ်ခင်ဗျာ ။

(၁၀) မင်းမှာ မြေပုံ ရှိလား..။ ငါ မင်းမျက်ဝန်းတွေထဲမှာ လမ်းပျောက်နေလို. ။
ဒါးရီးယပ် ဒန်နက်ရှ် ( စကော့တလန် အဆိုတော် ၊ သီချင်းရေးဆရာ )

http://answerfriends.multiply.com မှ ကူးယူတင်ပြသည် ။ 

(၂) ccproxy အသုံးပြုနည်း စာအုပ် (မြန်မာလို)

  • ကိုဖိုးလပြည့် ရေးပေးထားတဲ့ ccproxy အသုံးပြုနည်း စာအုပ်ကို ပြန်တင်ပေးလိုက်ပါတယ် . စာအုပ်ထဲမှာ ccproxy software ကိုပါ ထည့်ပေးထားပါတယ် . စာအုပ်ကို download လုပ် ဖတ်ပြီး သုံးကြည့်လိုက်ပါ .
  • မိမိတို့အိမ်မှာ အင်တာနက်တပ်ဆင်ရင် သားသမီးတွေအတွက် မကြည့်သင့်တဲ့ ၀ဘ်ဆိုက်တွေကို ပိတ်ပင်ချင်သလား ?
  • အင်တာနက်ကဖေးများအတွက် user တွေကို bandwidth ကန့်သတ်ချင်ပါလား ?
  • web cache အနေနဲ့ အင်တာနက် speed ကိုပိုမိုမြန်စေချင်ပါလား ?
  • မိမိတို့ ပေးသုံးစေချင်တဲ့ စက်ကိုပဲ ip address, mac address စသဖြင့် password နဲ့ပါ control လုပ်ချင်ပါသလား ?
  • client စက်တွေကို ဘယ်အချိန်ကနေ ဘယ်အချိန်ထိပဲ အချိန်နဲ့ ကန့်သတ်အသုံးပြုစေချင်ပါသလား ?
  • client စက်တွေ ဘယ်ဆိုက်တွေ ဖွင့်နေတယ် ၊ ဘာလုပ်နေလဲဆိုတာ အလွယ်တကူ သိချင်ပါသလား ?
  • စသဖြင့် စသဖြင့် အဲဒါတွေကို အလွယ်တကူ လုပ်ဆောင်ချင်ရင်တော့ CCproxy software နဲ့ လုပ်နိုင်ပါတယ်။
  • အဲလိုလုပ်ဆောင်ဖို့အတွက် ဆာဗာထိုင်မဲ့စက်မှာ NIC(Network Card) ၂ ခု ရှိရပါမယ်။
  • တစ်ခုက အင်တာနက်ကြိုးအတွက်ဖြစ်ပြီး ၊ နောက်တစ်ခုက မိမိအင်တာနက်ပြန်ပေးမဲ့ local network အတွက် ဖြစ်ပါတယ်။
  • အဲဒါတွေ ပြည့်စုံပြီးဆိုရင်တော့ CCproxy software ကို ဒေါင်းလုပ်လိုက်ပါ ။

(၁) မိမိ blogspot သို့ website မှာ facebook comment box ထည့်ခြင်း

           ဒီနည်းလေးက လွယ်ကူရိုးရှင်းတဲ့နည်းလေးပါ ( web သမားတွေအတွက် :P ) facebook က အခုဆိုရင် သူ့ရဲ့ Plugin ဖြစ်တဲ့ like box / comment box / like button / poll စတာတွေကို ပေးသုံးနေပါပြီ ..  html code တွေကိုကူးရတာဖြစ်လို့ .. html ပြင်လို့ရတဲ့ နေရာမှန်ရင် ထည့်လို့ရပါတယ် .. ဒါပေမယ့် ခု ဒီ ၀ဘ်ဆိုက်လို ning ထဲမှာတော့ လာထည့်လို့ရ၀ူး .. blogspot / multiply / weebly စတာတွေမှာတော့ ရပါတယ် .. အဲ့ဒီ plugin တွေကို ကျွန်တော်က fan page မှာထည့်ရတယ်ထင်ပြီး နှစ်ညလောက်တောင် အချိန်ကုန်ဖူးပါသေးတယ် .. ကဲ စကားတွေ သိပ်များနေပြီ ... ကျွန်တော်အခု blogspot မှာ နမူနာထည့်ပြမယ်နော် .. အရင်တစ်ခေါက်ကလုပ်ခဲ့တဲ့ www.futureskypeace.blogspot.com မှာ ထည့်ပြပါ့မယ် .. နမူနာသွားကြည့်နိုင်ပါတယ် .. ( click to see sample )

ခင်ဗျားတို့က blogspot မဟုတ်ရင်လည်း ဒီတိုင်းပဲဖတ်သွားပေါ့ လွယ်ပါတယ် ..

မိမိ blogspot သို့ website မှာ facebook comment box ထည့်ခြင်း